မှ Jack Norris, Executive Director
သားသတ်လွတ် Vegan တစ်ယောက်အဖြစ် ပထမဆုံး ပြောင်းလဲသောအခါ၊ မိသားစု နှင့် သူငယ်ချင်းများက ဘယ်လိုတုံ့ပြန်မယ်ဆိုတာ သိဖို့ခက်ခဲပါတယ်။ ယခုခေတ်ကာလ မွေးမြူရေးလုပ်ငန်းများမှာ တိရစ္ဆာန်များဟာ အလွန်ဆိုးရွားစွာ ညှင်းပန်းခံရတယ်ဆိုတာ သိရှိသောအသိနားလည်မှူကို သိရှိထားပြီး မိသားစု သူငယ်ချင်းများကိုလည်း ဝေငှသိရှိစေခြင်းဖြင့် သူတို့လည်း သင်နဲ့အတူ တိရစ္ဆာန်များ ညှင်းပန်းခံစေရမှု နည်းပါးအောင်ပူးပေါင်းစေပါ။
သင်ကံကောင်းတယ်ဆိုရင် သင့်ရဲ့ မိသားစု သူငယ်ချင်းများက သင် တိရစ္ဆာန်များရဲ့ အသားစားခြင်းရပ်တန့်မှုကို ပံ့ပိုးပြီး သူတို့တောင် သင့်လို ပြုလုပ်မှာဖြစ်ပါတယ်။ တချို့မိသားစုများ ကမူ သူတို့ဘဝနေထိုင်မှု၊ ဘာသာတရား နှင့် သူတို့၏သေဆုံးပြီးသား မိသားစုဝင်များ နှင့် ပက်သတ်လို့သော်လည်းကောင်း စိတ်ညိုညင်ကြမှာ ဖြစ်ပါတယ်။
ထိုသို့သော အကြောင်းအရာများအားလုံးတွင် ဘယ်လိုပြောပြ ရှင်းပြရမလဲဆိုတာ ခက်ခဲပါမယ်။ တိုက်တွန်းမှု နှင့် လုပ်ခိုင်းခြင်းသည် ထိရောက်မှု အရှိဆုံးနည်း အလျှင်မြန်ဆုံးနည်း နဲ့ သူတို့ မငြင်းနိုင်အာင် မိသားစုအချင်းချင်း တိုက်တွန်းနိုင်ပါသည်။ သားသတ်လွတ်စားသူများသည် မိသားစုအတွက် ပုံသက်သေကောင်းဖြစ်စေပြီး မိသားစုမှ မေးမြန်းမည့်အရာများကိုစောင့်နိုင်ပါသည်။
တိရစ္ဆာန်များရဲ့ ပါဝင်ပစ္စည်းများ Vs အကောင်းဆုံး အလုပ်လုပ်ခြင်း
သင် ပထမဆုံး vegan အဖြစ် ပြောင်းသွားသောအခါ တိရစ္ဆာန်ထွက်ကုန်တွေကို အသုံးမပြုဘဲ အသက်ရှင်နေထိုင်နိုင်တယ်ဆိုတာကို သင့်သူငယ်ချင်းတွေနဲ့ မိသားစုကို သက်သေပြဖို့ လိုအပ်တယ်လို့ ခံစားရလေ့ရှိပါတယ်။
vegan ကျင့်ဝတ်သည် မကြာသေးမီက ဖွံ့ဖြိုးတိုးတက်လာသည်ကို သိရှိနားလည်ထားရန် အရေးကြီးပြီး သမိုင်းတစ်လျှောက်တွင် တိရစ္ဆာန်များကို ကြင်နာစွာ ဟောပြောခဲ့ကြသူများရှိသော်လည်း မည်သည့်လူ့အဖွဲ့အစည်းမှ vegan မဖြစ်ပါ။ တိရိစ္ဆာန်များအသုံးပြုခဲ့သည့် ကျွန်ုပ်တို့၏သမိုင်းကြောင်းကြောင့်၊ ၎င်းတို့၏ ခန္ဓာကိုယ်အစိတ်အပိုင်းများသည် ကျွန်ုပ်တို့ပတ်ဝန်းကျင်ရှိ ထုတ်ကုန်များကို ပါဝင်စေပြီး သင့်အသက်ရှင်မှုတွင် တိရစ္ဆာန်ပါဝင်ပစ္စည်းများကို အပြည့်အဝ ချေမှုန်းပစ်ခြင်းသည် ပြင်းထန်သော ဖိအားတစ်ခုဖြစ်သည်။
ယခုအချိန်မျိုး ယခင်သမိုင်းတွင် လူတစ်ဦးချင်းစီသည် တိရိစ္ဆာန်ထွက်ကုန် 100% ကင်းစင်စွာ အသက်ရှင်နေထိုင်နိုင်ရန် အရေးကြီးသည်မဟုတ်သော်လည်း လူ့အဖွဲ့အစည်းတခု တိရစ္ဆာန်များအသုံးပြုခြင်းမှ ဝေးကွာသွားစေရန်အတွက် တတ်နိုင်သမျှ လုပ်ဆောင်ရန် အရေးကြီးပါသည်။ vegans များအတွက် ၉၉% vegan ဖြစ်ရန် ခိုင်လုံသောအကြောင်းပြချက်ရှိပြီး အခြားသူများ အတုယူစရာ vegan ဖြစ်လာစေရန် အချိန် နှင့် စိတ်ခွန်အားကို အကောင်းဆုံးအသုံးပြုပါ။
အမှန်တော့၊ 100% vegan ဖြစ်ဖို့ ကြိုးစားခြင်းသည် လူအများအမြင်တွင် veganism ကို ခက်ခဲသည်ဟု မြင်စေနိုင်သောကြောင့် အခြားသူများကို ဆွဲဆောင်နိုင်မှုအား ထိခိုက်စေနိုင်ပါသည်။ လူများသည် vegan ဖြစ်ခြင်းဆီသို့ ခြေလှမ်းများစတင်ရန် တံခါးဖွင့်ရန် နည်းလမ်းတစ်ခုမှာ တိရစ္ဆာန်ထွက်ပစ္စည်းများကို ရှောင်ကြဉ်ခြင်းသည် ပြီးပြည့်စုံသော အရာဖြစ်ရန် မလိုအပ်ကြောင်း ပြောပြဖို့ပါ။
လက်တွေ့ကျနည်းလမ်းအချို့မှာ-
- သူငယ်ချင်းများ မိသားစုများနှင့် အပြင်ထွက်သည့်အခါ vegan အစားအစာများကို စားပါ။ ဒါပေမယ့် စားသောက်ဆိုင်က ဝန်ထမ်းတွေကို အသေးစိတ် မမေးပါနဲ့။
- တစ်စုံတစ်ယောက်က “ကျွန်မ [သူနှစ်သက်တဲ့ တိရစ္ဆာန်ထွက်ကုန်တွေကို ထည့်ပါ] မစားဘဲ မနိုင်လို့ vegan မဖြစ်နိုင်ဘူး” လို့ပြောရင် တခြားတိရစ္ဆာန်ထွက်ကုန်များကို အရင်ဖယ်ရှားပစ်ဖို့ သူတို့ကို အားပေးပါ။
- တစ်စုံတစ်ယောက်က နောက်ပြန်ဆုတ်သွားပါက၊ ၎င်းတို့ကို သင့်စာရင်းမှာ မရေးဖျက်ပါနှင့်။နေ့စဉ် နေ့ရက်တိုင်းသည် တိရစ္ဆာန်ဝေဒနာများကို တားဆီးရန် တစ်စုံတစ်ဦးမှ အစွမ်းကုန်လုပ်ဆောင်နိုင်သည့် နောက်တစ်နေ့ဖြစ်သည်။
Vegan ထောက်ခံသူအချို့က လူသားများသည် တိရိစ္ဆာန်များအတွက် ကိုယ်ကျင့်တရား ထိန်းချုပ်ရန်တာဝန်ရှိကြောင်းနှင့် မည်သည့်အခြေအနေမျိုးတွင်မဆို တိရစ္ဆာန်ထွက်ပစ္စည်းများကို အသုံးပြုခြင်းသည် မှားယွင်းကြောင်း နားလည်ရန် အရေးကြီးသည်ဟု ပြောဆိုကြသည်။ ကျွန်ုပ်တို့သည် ထိုသို့ ယုံကြည်သော်လည်း သက်တောင့်သက်သာရှိသော ပြောင်းရလွယ်သော အတွေ့အကြုံများဖြင့် တိရစ္ဆာန်များ ခေါင်းပုံဖြတ်ခံရခြင်း၊ အမြတ်ထုတ် နာကျင်မှုခံရခြင်း မရှိတော့သည့်နေ့ဆီသို့၊ မရှိတော့သည့် လူ့အဖွဲ့အစည်းသို့ ရွေ့ပြောင်းဖို့ အသုံးဝင်ပါသည်။
သင်၏ကိုယ်ပိုင်ခရီးကိုသတိရပါ။
တခါတရံ လူတွေက vegan ဖြစ်လာတဲ့အခါ၊ တခြားသူတွေ ဘာကြောင့် မဖြစ်တာလဲဆိုတာကို နားလည်ဖို့ ခက်လာကြတယ်။ တိရိစ္ဆာန်တွေ နှိပ်စက်ခံရလို့ ကျွန်ုပ်တို့ “နိုးထလာသောအခါ”, တစ်ချိန်က ကျွန်ုပ်တို့ ဒီလိုပါပဲ၊ ကျွန်ုပ်တို့မသိခဲ့ဘူး၊ တစ်ခါတလေ ကျွန်ုပ်တို့ မသိချင်ခဲ့ပါဘူး။
ကျွန်ုပ်တို့၏ကိုယ်ပိုင် veganism ခရီးကိုသတိရခြင်းက non-vegan s များကို ဝေဖန်ခြင်းမှ နည်းပါး စေပါတယ်။။ ဘယ်သူကမှ ပြီးပြည့်စုံမှာ မဟုတ်ပါဘူး။ ကျွန်ုပ်တို့ရဲ့ ပန်းတိုင်က တိရစ္ဆာန်တွေရဲ့ ဒုက္ခတွေကို လျှော့ချဖို့ဆိုရင်၊ ပြောင်းလဲဖို့ အားပေးချင်တဲ့ တခြားသူတွေနဲ့ ဆက်ဆံတဲ့အခါ သည်းခံပါ။
စိတ်ဆိုးတတ် သော Vegan များပုံစံ
Vegan များသည် တိရိစ္ဆာန်များကို ဆက်ဆံပုံနှင့်ပတ်သက်၍ ဒေါသထွက်ရန် အခွင့်အရေးရှိကြပြီး ထိုဒေါသတရားသည် တိရစ္ဆာန်များအတွက် ကာကွယ်ပေးရန် လှုံ့ဆော်ပေးသည့် ခိုင်မာသော အကြောင်းရင်းများဖြစ်သည်။ ဒါပေမယ့် vegan မဟုတ်သူတွေဟာ ဒေါသထွက် နေသောvegan နှင့်ပေါင်းသင်းရင် vegan ဖြစ်လာဖို့ အခွင့်အလမ်း လျော့နည်းစေတာကိုလည်း သိထားဖို့ အရေးကြီးပါတယ်။ ဤအကြောင်းကြောင့် သက်သတ်လွတ်မဟုတ်သူများဝန်းကျင်တွင် ကမ္ဘာကြီးကို သင်ခံစားရသော ပျော်ရွှင်မှုနှင့် ကျေနပ်မှုကို ဖော်ပြခြင်းသည်သာ အကောင်းဆုံးဖြစ်ပေမည်။
လူမှုမီဒီယာ
ယနေ့ခေတ်တွင် တွေ့ရလေ့ရှိသော မေးခွန်းတစ်ခုမှာ Facebook နှင့် အခြားသော ဆိုရှယ်မီဒီယာများတွင် တိရိစ္ဆာန်ပြဿနာများအကြောင်း မကြာခဏ ပို့စ်တင်ခြင်းပင်ဖြစ်သည်။ ဆိုရှယ်မီဒီယာသည် တိရိစ္ဆာန်များ ဖြစ်ပျက်နေသည့် သတင်းအချက်အလတ်များကို ဖြန့်ဝေရန် ကောင်းမွန်သော နည်းလမ်းတစ်ခုဖြစ်သော်လည်း သင်မကြာခဏ ပို့စ်တင်ပါက သင့်သူငယ်ချင်းများက သင့်အား ညိုညင်နိုင်ပါသည်။ ဤဖြစ်နိုင်ချေကို သတိပြုပြီး ၎င်းတို့ စိတ်ဝင်စားမှုကို ဆွဲဆောင်သော်လည်း ၎င်းတို့ကို မလွှမ်းမိုးစေရန်အတွက် သင့်ပို့စ်များကို မဟာဗျူဟာကျကျ အသုံးပြုပါ။ မွေးမြူရေးတိရစ္ဆာန်များ၏ ချစ်စရာဗီဒီယိုများနှင့် အရသာရှိသော vegan ချက်ပြုတ်နည်းအသစ်များကဲ့သို့ သက်သတ်လွတ်စားခြင်းဆိုင်ရာ အပြုသဘောဆောင်သော ပို့စ်များပါဝင်ခြင်းသည် သင့်ရည်မှန်းချက်ကို မြန်မြန် ထိမိရန်လည်း ကူညီပေးနိုင်ပါသည်။
တွန်းအားဖြစ်ရန် ကူညီပေးသောအခါ
တစ်စုံတစ်ဦးသည် သင့်အား vegan ဖြစ်ခြင်းနှင့်ပတ်သက်၍ တွန်းအားပေးခြင်းခံရသောအခါတွင် သင်သည် စံနမူနာကောင်းတစ်ခုဖြစ်စေပါ။ ၎င်းတို့ကို ပြောင်းလဲရန် ကြိုးစားရာတွင်လည်း သင်သည် သည်းခံပါ။ ၎င်းတို့သည် သင့်အား အခက်တွေ့စေသောအခါတွင် ထိုသူများအား ဗီဒီယိုများကြည့်ရန်နှင့် လက်ကမ်းစာစောင်များ၊ စာအုပ်များနှင့် ဆောင်းပါးများဖတ်ရန် တောင်းဆိုခြင်းဖြင့် တုံ့ပြန်ပါ။ ဤအရာမျိူးအကြိမ်အနည်းငယ်ပြုလုပ်ပြီးနောက်၊ ၎င်းတို့သည် ထိုအရာများကို ရှောင်ရှားလာပါမည်။
နိဂုံး
သည် အတော်လေးအသစ်အဆန်းတစ်ခုဖြစ်ကြောင်း နားလည်ထားပြီး ကျွန်ုပ်တို့ထဲမှ တော်တော်များများသည် vegan အဖြစ် မွေးလာခြင်း မဟုတ်ပါ။အခြားသူများ သည် ကျွန်ုပ်တို့၏ရှုထောင့်ကိုမြင်လိမ့်မည်ဟု မျှော်လင့်သည့်အခါ စိတ်အခက်အခဲအချို့ကို ပေးစွမ်းနိုင်သည်။ ကျွန်ုပ်တို့၏သူငယ်ချင်းများနှင့် မိသားစုများအတွက် အပြုသဘောဆောင်သော စံနမူနာဖြစ်ခြင်းသည် တစ်ချိန်တည်းတွင် ရရှိနိုင်သော veganism ၏ နမူနာကောင်း တစ်ခုအကောင်းဆုံးဖြစ်ပါလိမ့်မည်။ သင်သည် အခြားသူများအပေါ် ကြီးမားသော အကျိုးသက်ရောက်မှုကို ဖြစ်စေလိုပါက Vegan Outreach ၏ စေတနာ့ဝန်ထမ်းနှင့် အလှူရှင်ဖြစ်ဖို့ တိုက်တွန်းပါရစေ။